လ - ဇူလိုင် 2026

ဘုရားသခင်၏ကတိတော်အတိုင်း လုပ်ဆောင်ခြင်း

Pieter (ပီတာ) သည် ဘောင်သွင်းထားသည့် သူ၏သက်ကြီးရွယ်အို မိဘနှစ်ပါး၏ ဓာတ်ပုံကို ညတိုင်းနမ်းလေ့ရှိသည်။ သူသည် မိဘများနှင့် နှစ်ပေါင်းများစွာဝေးကွာ နေခဲ့သည်။ သူသည် လူပျိုအရွယ်တွင် ယေရှု၏နောက်လိုက်တစ်ဦး ဖြစ်လာသောအခါ သူ၏ယုံကြည်ခြင်းအသစ်ကို စွန့်လွှတ်ရန် မိသားစုနှင့် လူမှုဝန်းကျင်က ဖိအားပေးခဲ့ကြသည်။ သူက မစွန့်လွှတ်သောအခါ မိဘများက သူ့ကို သားအဖြစ်မှ စွန့်လွှတ်ခဲ့သည်။ “ခက်ခဲတဲ့အချိန်မှာ ဘုရားသခင်က သူ့ရဲ့သားသမီးတွေကို ကူညီမယ့်အကြောင်း ကျမ်းစာထဲမှာ ကတိပေးထားတယ်။ ကျွန်တော်လည်း ကိုယ်တော့်ကို ယုံကြည်ခဲ့တယ်။ ကိုယ်တော့်နောက်လိုက်ဖို့ ရွေးချယ်ခဲ့တာက ဆင်းရဲဒုက္ခတွေ ကြုံရစေပေမဲ့၊ ကျွန်တော့်ကို သည်းခံကျော်ဖြတ်နိုင်အောင် ကိုယ်တော် မစခဲ့ပါတယ်”ဟု ပီတာက ပြောသည်။

ဘုရားသခင်သည် သူ၏ကတိအတိုင်း ကတိတည်သူဖြစ်ကြောင်း ပီတာ စိတ်ချမှုရှိသောကြောင့် ဘုရား၏ကတိတော်များအပေါ် ယုံကြည်ကိုးစားလျက် လုပ်ဆောင်နိုင်ခဲ့သည်။ ကမ္ဘာဦးကျမ်းတွင်လည်း ယောသပ်သည် သူ့ဘဝ၏ နောက်ဆုံးအချိန်၌ ဘုရားသခင်၏ကတိတော်များအပေါ် ယုံကြည်စိတ်ချမှု…

ဘုရားသခင်ကြောင့် အနှောင်အဖွဲ့ကင်းခြင်း

ဘူဂေးရီးယားနိုင်ငံသား အသက်ကယ်သမား ရာနီပက်ကော့ဗ် သည် သူ၏လက်နှင့်ခြေများကို တုပ်နှောင်လျက် ရေကူးခြင်းဖြင့် ကမ္ဘာ့စံချိန်သစ်တစ်ခုတင်ခဲ့သည်။ သူသည် မီတာ ၃,၃၈၀ အထိ ကူးခတ်ခဲ့ရုံသာမက၊ စိန်ခေါ်မှုပို၍ ပြင်းထန်စေရန် သူ၏ခန္ဓာကိုယ်ကို အိတ်တစ်လုံးထဲ ထည့်၍ ထုပ်ပိုးထားခဲ့သေးသည်။

ဤသို့ “ချည်နှောင်ခံထားရ”သော်လည်း ဆက်လက်ရွေ့လျားနိုင်အောင် လိုအပ်သော စိတ်ရှည်သည်းခံမှုနှင့် ခွန်အားရှိခြင်းက ကျွန်မအတွက် အံ့အားသင့်စရာပါ။ ကနဦးခရစ်ယာန်အသင်းတော်များတွင် ဘုရားသခင်၏အမှုတော်ကို တမန်တော်ပေါလု ဆောင်ရွက်ခဲ့စဉ် အခက်အခဲအတားအဆီးများကို ကြံ့ကြံ့ခံ ခုခံတွန်းလှန်နိုင်စွမ်းကို ပြသခဲ့သည်။ ပင်ပန်းနွမ်းနယ်မှု၊ ဆာလောင်မှု၊ အိပ်ရေးပျက်မှု၊ ရိုက်နှက်ခံရမှုများ ခံခဲ့ရသော်လည်း သူသည် ဆက်လက်ဟောပြောခဲ့ပြီး ယုံကြည်သူချင်းတို့အတွက် အားပေးစာနှင့်သွန်သင်ချက်များကို ရေးသားခဲ့သည်။

တိမောသေထံသို့ သူ၏နောက်ဆုံးစာကို ရေးသားစဥ်က ပေါလုသည် ရောထောင်တွင်း၌ တစ်ဦးတည်းအကျဉ်းကျနေပြီး သေဒဏ်စီရင်ချက်ကို စောင့်ဆိုင်းနေရချိန်ဖြစ်သည်။ သံခြေချင်းများက သူ၏ခန္ဓာလှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထားသော်လည်း၊ ဘုရားသခင်၏သတင်းကောင်းသည် “ချည်နှောင်ခြင်းနှင့်ကင်းလွတ်”ကြောင်း သူမှတ်ချက်ပြုခဲ့သည်(၂တိ၂:၉)။ “ယေရှုခရစ်အားဖြင့်(အခြားသူများ)…

ဘုရားသခင်သည် ကျွန်ုပ်တို့ကို စောင့်ကြည့်နေသည်

ကောင်းကင်တမန်တို့သည် ထိုနေရာတစ်လျှောက်လုံး၌ ရှိနေသော်လည်း၊ အသက်ရှိသူ မည်သူမျှမတွေ့မြင်ခဲ့ဖူးကြပါ။ ဘော့စတွန်ရှိ Old North Church ၏ နံရံများ၌ ကောင်းကင်တမန်များက အထက်မှအောက်သို့ ကြည့်နေပုံဖြင့် အလှဆင်ခဲ့သော်လည်း၊ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလအတွင်း ဆေးအထပ်ထပ်သုတ်ခဲ့၍ ၎င်းတို့ကို ဖုံးအုပ်သွားသည်။ အသင်းတော်မှတ်တမ်းများအရ ၁၇၃၀ ခုနှစ်၊ ဘုရားကျောင်း တည်ဆောက်နေချိန်၌ ၎င်းတို့ကို ဆေးသုတ်ရန် အသင်းသားတစ်ဦးနှင့် စာချုပ်ချုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ်၌ စတင်ခဲ့သော ဘုရားကျောင်းပြန်လည်ပြုပြင်မွမ်းမံရေး စီမံချက်ကြောင့် ကောင်းကင်တမန်များကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

သမ္မာကျမ်းစာမှ အခြားသူများ မသိချိန်တွင်ရှိနေသည့် အစစ်အမှန် ဖြစ်သော၊ ဆေးမခြယ်ထားသော- သဘာဝလွန်သတ္တဝါများအကြောင်း ပြောထားသည်။ တစ်ကြိမ်တွင် ပရောဖက်ဧလိရှဲကို ရှုရိရှင်ဘုရင်၏စစ်တပ်က ဝိုင်းရံထားသည်။ သူ၏အစေခံသည် ရန်သူတပ်များကို မြင်သောအခါ “အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်း” ဟုအော်ဟစ်ရာ(၄ ရာ ၆:၁၅)၊ ပရောဖက်က “မကြောက်ကြနှင့်။…

ဝိညာဥ်ဆုကျေးဇူးများကို မျှဝေခြင်း

“မင်း ဂစ်တာတီးတော်တယ်”ဟု ဘုရားကျောင်းမှ သူငယ်ချင်းအသစ်ကို ကျွန်မပြောရာ သူက “ကျေးဇူးတင်ပါတယ်။ ဒါက ငါ့ရဲ့ အမှုတော်ပဲ”ဟု ပြန်ပြောသည်။ အမှုတော်လုပ်ငန်းဟူသည့်စကားက မည်သို့သောအရာနည်း၊ တစ်စုံတစ်ဦးက အမှုတော် လုပ်ငန်းကို “မည်သို့ရခဲ့”သနည်း ဆိုသည်ကို ကျွန်မ မသိခဲ့ပေ။ သို့သော် ကျွန်မသူငယ်ချင်းက သူတစ်ပါးကို အစေခံရန် သူရထားသည့် ဂီတစွမ်းရည်ကို ရိုးရှင်းစွာပင် အသုံးချခဲ့သည်။ ကျွန်မ၏ဆုကျေးဇူးများအနက်တစ်ခုမှာ တိုက်တွန်းနှိုးဆော်ခြင်း(သို့) အားပေးခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် သိလာသောအခါ ကျွန်မအနည်းငယ် စိတ်ပျက်မိပြီး သိပ်အရေးမပါဟု ခံစားရသည်။ သို့သော် မကြာမီတွင် ကျွန်မတို့ အဖွဲ့ငယ်လေး၏ခေါင်းဆောင်အနေနှင့် အားပေးသည့် စာတိုမှတ်စုများရေးခြင်း(သို့) အဖွဲ့ဝင်များအား ဖုန်းခေါ်ရခြင်းတို့တွင် ကျွန်မမွေ့လျော်လာသည်။ ကျွန်မ၏ဝိညာဉ်ဆုကျေးဇူးများထဲမှ တစ်ခုကို ကိုယ်မသိလိုက်ဘဲ ကျွန်မအသုံးပြုနေပါသည်။

သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် အသင်းတော်တွင် အမှုဆောင်ရန် ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဝိညာဉ်ဆုကျေးဇူးများ ပေးထားသည် (၁ ကော၁၂:၆)။ တစ်ခါတရံ…

သန့်ရှင်းသောခွက်ဖလား

နောက်ဆုံးညစာစားပွဲတွင် ယေရှုသောက်ခဲ့သော Holy Grail (သန့်ရှင်းသော ခွက်ဖလား)ကို လူအများက ရာစုနှစ်များစွာ စိတ်ဝင်စားခဲ့ကြသည်။ ဘုရင်အာသာနှင့် စားပွဲဝိုင်းမှသူရဲကောင်းများ၏ ဒဏ္ဍာရီများတွင် ထိုခွက်ကို ရှာဖွေရန် ၎င်းတို့၏စိတ်စွဲလမ်းမှုကို အသေးစိတ်ဖော်ပြထားသည်။ ၎င်း၌ မှော်အစွမ်းများရှိသည်ဟု သူတို့ယုံကြည်ကြသည်။ ရုပ်ရှင်၌လည်း Indiana Jones(အင်ဒီယားနားဂျုံး)နှင့် သူ၏ဖခင် Henry (ဟင်နရီ) တို့သည် ထိုခွက်ကို ရှာရန်ဟူသည့် ဖခင်၏ ရည်မှန်းချက်နောက်လိုက်ရင်း တစ်ဘဝလုံးအချိန်ကုန်ခဲ့သည်။

၎င်းသည် စွဲမက်ဖွယ်ကောင်းသော ဇာတ်လမ်းများဖြစ်စေသော်လည်း အမှန်တရားက ပို၍ရိုးရှင်းသည်။ ခွက်ချည်းသက်သက်က ထူးထူးခြားခြား စွမ်းအားများ မရှိပေ။ ခွက်ဖလားက မည်သည့်အရာကို ကိုယ်စားပြုသည် ဆိုသည့်အရာ၌ စစ်မှန်သောတန်ခိုးကို တွေ့ရှိရသည်။ လက်ဝါးကပ်တိုင်သို့ သခင်ယေရှု မတက်မီညတွင် အထက်ခန်းရှိ မြင်ကွင်းကို ရှင်မဿဲက ဖော်ပြရာ၊ “ထို့နောက် [ယေရှု]သည် ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။…